#Local_News
Published-4 March 2024

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်း၌  ရေဂါလန် (၂) သိန်းဆံ့ မြေအောက် ရေလှောင်ကန်တည်ဆောက်လျှက်ရှိရာလက်ရှိတွင်  ၉၀ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

 

အဆိုပါ ရေဂါလန် (၂) သိန်းဆံ့ မြေအောက်ရေ လှောင်ကန်သည် အလျား ၈၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၁ ပေရှိ၍ ရေတွန်းစက်ရုံသည် အလျား ၄၀ ပေ၊ အနံ ၁၈ ပေရှိပြီး 30 HP (22kW) စက် (၄) လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေကို သွယ်တန်းရယူ၍ ဖြည့်သွင်းသိုလှောင်သွားမည်ဖြစ်ပြီး ယင်းမြေအောက်ရေလှောင်ကန်ကို  အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုနိုင်မည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ဖို့အတွက် တည်ဆောက်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #ရေဂါလန်(၂) သိန်းဆံ့ #၉၀ရာခိုင်နှုန်းအထိပြီးစီး #YMG/NN #Yangon-Times