#Local_News
Published-4 March 2024


၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူ၈၀၀ကျော်မှ ပျားအုံနှစ်သိန်းကျော်  မွေးမြူလုပ်ကိုင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူ ၈၁၈ ဦးမှ ပျားအုံ ၂၀၉၀၂၁ အုံ မွေးမြူလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလအထိ ပျားရည်မက်ထရစ်တန် ၄၁၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

 

အဆိုပါထုတ်လုပ်သည့် ပျားရည်များအားဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျာမနီနိုင်ငံများသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#Local_News #ပုဂ္ဂလိကမွေးမြူသူ၈၀၀ကျော် #ပျားအုံနှစ်သိန်းကျော်မွေးမြူလုပ်ကိုင် #YMG/ NN #Yangon-Times