#Local_News
Published_ 28 February 2024

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ ရဲဘော်ဟောင်းမှတ်တိုင်အနီးရှိ စာသင်ကျောင်းဆောင်အဟောင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှသိရသည်။

 

ဖြစ်စဉ်မှာယနေ့ ဖေဖော်ဝါရီ (၂၈)ရက်၊ နံနက် (၁)နာရီ (၂၈) မိနစ်အချိန်ခန့်ကမင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန် - ပြည်ကားလမ်းဘေး၊ ရဲဘော်ဟောင်းမှတ်တိုင်အနီးရှိ စာသင်ကျောင်းဆောင်အဟောင်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့်မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။



“ပျဉ်းမပင်ရပ်ကွက်အပိုင်မှာ စာသင်ကျောင်းဆောင်အဟောင်း မီးလောင်မှုဖြစ်ပွားလို့ သွားရောက်ကူညီငြှိမ်းသတ်ပေးခဲ့တာပါ”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၁)နာရီ (၃၇)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်‌နေကြောင်း သိရသည်။

#Local_News #စာသင်ကျောင်းဆောင်ဟောင်းတစ်ခု #မီးလောင်မှုဖြစ် #YMG/ NN #Yangon-Times