#Local_News
Published 28 February 2024


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာ(၃)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

ဖေဖေါ်ဝါရီ ၂၈ရက် မနက် ၁၀နာရီ ၂၀မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ၃၅ မိနစ် တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#တိုက်ကြီး #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times