#Local_News
Published_ 28 February 2024

တစ်နှစ်လျှင်ဂျပန်ယန်း ၃၆၀၀၀၀ ပေးအပ်မည့် Daiozu Memorial Foundation ပညာသင်ဆုကိုမြန်မာကျောင်းသားကျောင်းသူများပါဝင်လျှောက်ထားနိုင်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်သည်။

 

လျှောက်ထားနိုင်မည့်သူများက‌တော့ဂျပန်နိုင်ငံ၏ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နှင့် Gunma စီရင်စုများရှိ တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊

 

တစ်နှစ်လျှင် မိသားစုဝင်ငွေ-ယန်း (၆,၀၀၀,၀၀၀) အောက်ရှိသူများ၊ 

 

၂၀၂၃ခုနှစ်၊ ဧပြီလတွင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်စာရင်း သွင်းထားသည့် နိုင်ငံတကာကျောင်းသားများအား Daiozu Memorial Foundation ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

 

ထုတ်ပြန်ချက်တွင်
Daiozu Memorial Foundation မှ ၂၀၂၄ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာကြောင်း ၊

 

အဆိုပါ အကြောင်းကြားစာတွင် ဂျပန်နိုင်ငံ၏ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi နှင့် Gunma စီရင်စုများရှိ တက္ကသိုလ်များမှ ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်းပေးသွင်းထားသူများ၊ တစ်နှစ်လျှင် မိသားစုဝင်ငွေ-ယန်း (၆,၀၀၀,၀၀၀)အောက်ရှိသူများ၊ ၂၀၂၃ခုနှစ်၊ ဧပြီလတွင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်စာရင်း သွင်းထားသည့် နိုင်ငံတကာကျောင်းသားများအား Daiozu Memorial Foundation ပညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ပါကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားကြောင်း၊

 

 အဆိုပါ Daiozu Memorial Foundation ပညာသင်ဆု ချီးမြှင့်ရန်အတွက် နိုင်ငံတကာ ကျောင်းသား (၂၅)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊  ထောက်ပံ့ကြေးအား တစ်နှစ်ကို နှစ်ကြိမ် ပေးအပ် မည်ဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀/-(တစ်လလျှင် ယန်း ၃၀,၀၀၀)ပေးအပ်သွား မည်ဖြစ်ကြောင်းနှင့်  မတ်လ ၁ရက်နေ့မှမေလ၂၀ရက်နေ့ နောက်ဆုံး ထား၍  http://www. daiohs-zaidan.or.jp သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များအား သိရှိလိုပါက info@ daiohs-zaidan.or.jp သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

 

#Local_News #ပညာသင်ဆုမြန်မာမှပါဝင်လျှောက်ထားနိုင် #tthl #Yangon_Times