Published 24 February 2024

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ တွင် ပြုလုပ်မည့် ယာယီ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း အကောင်ထည် ဖေါ်ဆောင်ရွက် ရန် ဆက်စပ် လုပ်ငန်း များ အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ သယံဇာတ ရေးရာဝန်ကြီးဌာန ကချင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ က တင်ဒါခေါ်ယူကြောင်း နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ကြေညာထားသည်။

အဆိုပါ ကုန်တင်ယာဉ်ကြီးရပ်နားစခန်း ကို မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ပိုင်မြစ်ကြီးနားမြို့၊ပမ္မတီး ရပ်ကွက် ရွှေပြည်သာကွက်သစ်ရှိ ဈေးနှင့် ပွဲရုံတန်း လျာထားမြေနေရာ တွင်ဖြစ်ပြီ ၇ဧက ကျော် ကျယ်ဝန်းကြောင်း သိရသည်။

ယင်း ကားကြီးဝင်း အဖြစ် အကောင်ထည် ဖေါ်ဆောင်ရွက်ရန် အတွက် ဆက်စပ်လုပ်ငန်း ၈ ရပ်ကို BOTစနစ် ဖြင့် (၁၀၀%) ရင်းနှီးမြုပ်နှံလိုသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်များ ကို တတိယ အကြိမ် တင်ဒါ ခေါ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။

တင်ဒါ လျှောက်လွှာများ ကို ကချင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ရုံး တွင် ရုံးချိန် အတွင်း ၀ယ်ယု နိုင် ပြီး အဆိုပါ တင်ဒါ ပုံစံ များ ကို မတ်လ ၂၂ရက် နောက်ဆုံး ထား တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group