Published_ 22 February 2024

CTBTO Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။

The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ)အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ Vienna International Centre ၌ hybrid format ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကျင်းပလျက်ရှိရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဒေါ်စုစုဝင်းနှင့် ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးသည့် အစီအစဉ်များ အကောင်အထည် ဖော်ခြင်းနှင့်ပတ်သက်သော အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများအား ပြန်လည်သုံးသပ်ကြမှာ ဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်တွင်ပါရှိတဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်း နှင့် International Monitoring System (IMS) Station ဆိုင်ရာ တည်နေရာအညွှန်း၊ အမည်နာမနှင့် code များကို ထပ်မံပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးရုံး၏ အဆိုပြုချက်များအပေါ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင် က အွန်လိုင်းစနစ်ဖြင့် တက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group