Published-22 February 2024

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားတွင် ရေပိုက်လိုင်းသွယ်တန်းပြီးသောက်သုံးရေအခက်အခဲရှိသည့် မြို့နယ်များသို့ ပေးဝေသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(လမ်း၊တံတားဌာန)မှ သိရသည် ။

ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ် တို့တွင် သောက်သုံးရေအတွက် စက်ရေတွင်းများ တူးဖော်ရာတွင် ရေငန်သာထွက်ရှိခြင်းကြောင့် သောက်သုံးရေ အခက်အခဲ များရှိနေသဖြင့် နွေရာသီကာလတွင် ရေသယ်ယာဉ်များ၊စက်တပ်လှေငယ်များဖြင့်သောက်သုံးရေဖြန့်ဝေမှုများ ပြုလုပ်ရလေ့ရှိကြောင်းသိရသည်။

ထို့‌ကြောင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရာတွင် ရန်ကုန်မြစ်တစ်ဖက် ကမ်းရှိမြို့နယ်များ သောက်သုံးရေရရှိရန် ရေပိုက်လိုင်းများသွယ်တန်းခြင်းကိုပါထည့်သွင်းဆောင်ရွက်နေကြောင်း၊ဒလမြစ်ကူးတံတားပေါ်မှတစ်ဆင့်သုည ဒသမ ၅ မီတာ (၁ဒသမ ၅ပေ)အချင်းရှိသောရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည် ရေး (ဒလ) တံတားကြီးကို နိုင်ငံ တကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီတည် ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ တံတား ပုံစံထုတ်လုပ်ရာ၌ ရန်ကုန်မြို့ သို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ် ကူးသင်္ဘောကြီးများဖြတ်သန်း နိုင်ရေးအတွက် တံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှောတံတား(Ramt  P Bridges) ကို အတက်အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်း ဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့်ဆင်ခြေ လျှောတံတား အရှည်တို့တို တွက်ချက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့အတူ မြန်မာနိုင်ငံတွင် တည်ဆောက် ပြီး တံတားများအနက် ရေလမ်း ကင်းလွတ်အမြင့် အများဆုံးဖြစ် ပြီး တံတားကြမ်းခင်းအမြင့်ဆုံး  တံတားတစ်စင်းဖြစ်၍ မော်တော် ယာဉ်များ ဖြတ်သန်းမောင်းနှင် ရာတွင် ယာဉ်အန္တရာယ်ကင်း ရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ် နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်း တို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်း ပုံစံထုတ်၍ တည်ဆောက်ထား ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group