Published 21 February 2024

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲကို လာမည့်ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

အဆိုပါရှင်ပြုအလှူတော်မဂ်လာပွဲကို မဟာမြိုင်  သဲဖြူဆရာတော်ကြီး၏ကြီးကြပ်မှုနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပူးပေါင်း၍   ဧပြီလ ၅ရက်မှ ၇ရက်ကျင်းပသွားမည်ဖြစ်‌ကြောင်းသိရသည်။

အလှုပွဲကာလအတွင်းတရားပွဲကျင်းပခြင်း၊မြန်မာ တစ်နိုင်ငံလုံး‌အေးချမ်းသာယာ‌ စေရန်ရည်ရွယ်၍နေပြည်တော်အပါအဝင်တိုင်းဒေသကြီး၁၅ခုကိုယ်စားပြု မီးပုံးပျံ၁၅လုံးလွှတ်တင်ခြင်းအခမ်းအနားများလည်းထည့်သွင်းပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှင်မပြုရသေးသည့်ကလေးငယ်များအားဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိအချိန်အထိ ရှင်အပါး၅၀၀၀ကျော်အထိ စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group