Published 21 February 2024

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၅x၃၆)လမ်းကြား (၈၈) လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။

ဖေဖေါ်ဝါရီ ၂၁ရက် နံနက် ၁၀နာရီ ၁၆ မိနစ်က မီး  လောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဂေါဝိန်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒေးဝန်အရှေ့အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဂေါဝိန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ချမ်းအေး(၃)အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ၂၂  မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

  ""နေအိမ် မီးလောင်တာ ဝါယာရှော့ ဖြစ်တာလို့ ပြောတယ် သေချာ တော့ မသိသေးဘူးသက်ဆိုင်ရာက စစ်ဆေးမှုတွေ လုပ်နေတယ်""ဟု ဒေသခံ တစ်ဦး ကပြောသည်။

  မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group