Published 21 February 2024
  
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၇လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံကသိရသည်။

 ဖေဖေါ်ဝါရီ ၂၀ရက် နေ့လည် ၂နာရီ ၅၀မိနစ် က လောင်ကျွမ်းခဲ့ပြီးနယ်မြေခံမုဒွန်းမီးသတ်စခန်းမှမီးသတ်ယာဉ်၂စီး ကနဦးရောက်ရှိငြိမ်းသတ်နေစဉ်နေအိမ်များကူးဆက်လောင်ကျွမ်းခဲ့သဖြင့်မော်လမြိုင်ခရိုင်/မြို့နယ် မီးသတ်စခန်းမှမီးသတ်ယာဉ်၊ချောင်းဆုံမြိုနယ်မီးသတ်စခန်းမှမီးသတ်ယာဉ်များအရန်မီးသတ်ယာဉ်များ၊စည်ပင်ရေသယ်ယာဉ်များ
လူမှုကူညီရေးအသင်း များ ကျေးရွာနေ ပြည်သူများဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ရာခဲ့ရာ ၃နာရီ ၃၀မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 မီးလောင်မှု နေအိမ်တစ်လုံးလုံးမီးလောင်ပျက်စီး သွားသည့်  အိမ်(၁၂)လုံး၊နေအိမ်တဝက်‌မီးလောင်ပျက်စီး သည့် အိမ်(၄)လုံး၊‌ အိမ်၄ပုံ၁ပုံ မီးလောင်ပျက်စီးသည့်အိမ်(၁)လုံးနှင့် တံခါး၂ချပ်လောင်သွားသည့် နေအိမ်(၂)လုံး  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

   မီးလောင်မှုဖြစ်ပွားသည့်နေရာသည် ကားလမ်းများကျဉ်းမြောင်းခြင်း၊မီးသတ်ယာဉ်များဝင်မရခြင်း ကြောင့် နေအိမ်များမီးလောင်ကျွမ်းမှုများသွားခြင်း ဖြစ်ကြောင်း သိရသည်။

‌မီးလောင်ဖြစ်ပွားရာတွင် ဝိုင်းဝန်းကူညီနေသူကျေးရွာနေအမျိုးသား၁ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသဖြင့်
ကညော်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group