Publicshed 21 February 2024

ရန်ကုန်တိုင်း‌ဒေသကြီး အပါအဝင် တိုင်းသုံးတိုင်း၌ ဖွဲနုဆီကြမ်းနှင့် ဆီချောစက်ရုံကိုးခုတည်ဆောက်ရန်လျာထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။

အဆိုပါ စက်ရုံ ၉ ရုံကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ထပ်မံတည်ဆောက်သွားရန် လျာထားပြီး ထွက်ရှိလာသည့်  ဖွဲနုဆီများကို ပြည်တွင်း၌  ရောင်းချမည့်အပြင် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံများထံ တင်ပို့ရောင်းချနိုင် ရည်မှန်းထားကြောင်း သိရသည် ။

လတ်တလောတွင်မူ  MRF ၏  ဦးဆောင်မှုဖြင့်  နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ  MAPCO ဆန်စက်ဝင်း၌  ဖွဲနုဆီကြမ်းနှင့် ဆီချောစက်ရုံကို စတင်တည်ဆောက်နေပြီး ၁၂ လခန့် ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထား‌ကြောင်း၊လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း ဖွဲနုဆီထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ နေပြည်တော်တွင်  တည်ဆောက်နေသည့်  ဖွဲနုဆီကြမ်းနှင့်  ဆီချောပါဝင်သည့်  စက်ရုံမှ  တစ်နှစ်လျှင်  ဆီကြမ်းတန်ချိန် ၉၀၀၀ နှင့်  ဆီချောတန်ချိန် ၆၃၀၀၊ စုစုပေါင်းတန်ချိန် ၁၅၃၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group