Published 21 February 2024

   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက လစ်လပ်နေသော လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှုးရာထူးနေရာအတွက် ဝန်ထမ်း အမျိုးသား၁၂၀ဦးနှင့်အမျိုးသမီး ၃၀ဦးကိုခေါ်ယူကြောင်း သိရသည်။

 အဆိုပါ ရာထူး အတွက် လျှောက်ထားနိုင်သူများမှာ အသက်၁၈နှစ်မှ ၂၆နှစ် အတွင်း ဖြစ်ရမည်ဖြစ်ပြီး ဤဝန်ကြီးဌာန တွင်တာဝန်ထမ်းဆောင်သူဖြစိပါက ၃၅နှစ်အောက်အထိ လက်ခံကြောင်း အိမ်ထောင်မရှိ လူပျို အပျို ဖြစ်ရမည် ဖြစ်ကာ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု တက္ကသိုလ် ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ပြီး ကွန်ပျုတာ အသုံးပြု နိုင်ရမည် ဖြစ်ကြောင်း သိရသည်။

  အရပ်အမောင်းနှင့် ကိုယ်အလေးချိန်သတ်မှတ်ချက်များလည်းရှိပြီး ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဝန်ထမ်းအဖြစ် တာဝန်ခန့်အပ် ခံရပါကအနည်းဆုံးငါးနှစ် တာဝန်ထမ်းရမည်ဖြစ်ကြောင်း သိရသည်။

   နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဒေသခံ တိုင်းရင်းသားများ ကို ဦးစားပေးရွေးချယ်မည် ဖြစ်ကာရွေးချယ်ခံရပါက  ကနဦး လစာ အဖြစ် ကျပ်၁၈၀၀၀၀ဖြင့်စတင်ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။

  လျှောက်လွှာပုံစံများ ကို တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှုးရုံး ၊ပြည်ထောင်စုနယ်မြေဦးစီးမှုးရုံး၊ဒုတိယပြည်နယ်ဦးစီးမှုးရုံး၊ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့်မြောက်ပိုင်း တို့တွင် ထုတ်ယူနိုင်ကာ မတ်လ လ ၃ရက်နေ့ ကိုနောက်ဆုံးထား ပြီးလူကိုယ်တိုင်လာရောက်လျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

  အင်္ဂလိပ်စာရေးဖြေကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များတွင်ဖြေဆိုရမည် ဖြစ်ပြီး ရေးဖြေအောင်မြင်ပါက  ကွန်ပျုတာနှင့်လူတွေ့နှုတ်ဖြေကို ပြညထောင်စုဝန်ကြီးရုံး နေပြည်တော်ရုံး အမှတ် ၄၈ တွင်ဖြေဆိုရမည် ဖြစ်သည်။

  ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group