#Local_News
Published-18 February 2024

မွန်ပြည်နယ် မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင်(၁၄)ကြိမ်မြောက် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် ထမနဲထိုးလှူဒါန်းပွဲကို (တပို့တွဲလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စေတီတော်ပုရဝုဏ်အတွင်းရှိ ဓမ္မာရုံ၌ ကန်ကြီးစေတီတော် သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တ စန္ဒန (လမင်းဆရာတော်)နှင့် သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။

 

(၂၁)ကြိမ်မြောက် ထနဲထိုးလှူဒါန်းပွဲကို ဖေဖော်ရီ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဘုရားဖူးပြည်သူများအား ထမနဲဝေငှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

တပို့တွဲလပြည့်နေ့တွင် အာရုံဆွမ်းအချိုပွဲအဖြစ် ကန်ကြီးစေတီတော်၌ ဆပ်ကပ်ခြင်း သြဝါဒါစရိယဆရာတော် (၁၃)ပါးနှင့် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်းနှင့် မဟာပဌာန်းရေစက်ချ ပိတ်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

#Local_News #သမိုင်းဝင်ကန်ကြီးစေတီ #ထမနဲထိုးပွဲကျင်းပ #YMG/LW #Yangon_Times