#Local_News
Published-18 February 2024


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၄,၄၃၅ ဧကရှိတဲ့ နယ်မြေကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး “ထင်းမယ်ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ် လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။

 

မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့်  ရေအရင်းအမြစ်များနှင့် ရေဝေ ရေလဲဒေသများ ကို ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိရန် ၊ ဒေသခံပြည်သူ များ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းနိုင်ရန် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး သတ်မှတ်ခြင်ူဖြစ်‌ေကြာင်းသိရသည်။

 

ထို့အပြင် ထင်းမယ်ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်ခြင်းကြောင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက် ရှိသည့် ကညင်၊ ကတွတ်၊ သပြေ၊ ဥဘန်၊ ရှစ်ခေါ၊ တောင်သရက်၊ ယမနေ၊ ဖန်ခါး၊ ကံ့ကော်၊ သစ်မင်း၊ မရမ်းနှင့် မျောက်ငို စသည့်  ဒေသမျိုးရင်း သစ်မျိုးများကို လည်းထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

#Local_News #ထင်းမယ်ကြိုးပြင်ကာကွယ်တောသတ်မှတ် #YMG/LW #Yangon_Times