#Local_News
Published 18 February 2024

အိန္ဒိယကုမ္ပဏီ Lax Corporation မှ  မြန်မာနိုင်ငံ မှ  ကွမ်းသီးခြောက်တန်ချိန် ရာနဲချီပြီး ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားချက်ရှိပြီး လက်ရှိ တင်ပို့နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အခြေစိုက် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရသည်။

 

အိန္ဒိယသို့ ကွမ်းသီးခြောက်များတင်ပို့ရန် နမူနာပုံစံတွေကို Lax Corporation ထံ ဇန်နဝါရီလကုန်ပိုင်းမှာ ပေးပို့ထားပြီး ပထမအသုတ် အနေဖြင့် ၁၇တန် ကိုပေ၂၀ကွန်တင်နာပုံးတပုံးဖြင့်  အရည်သွေး  စံချိန်စံညွှန်းများကောင်းမွန်လက်ခံ အတည်ပြုပြီးလျှင်  တန်ချိန် ၂၀၀လစဉ် ဝယ်ယူသွားရန်နှင့်ဆက်လက်၍ ပိုမိုဝယ်ယူရန်လည်း သဘောတူညီမှုရရှိထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ်ကွမ်းသီတန်ချိန် ၂ သိန်း ၃ သောင်းခန့်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေတဲ့ ကုန်ပစ္စည်းအမယ်လည်းဖြစ်ကြောင်း သိရသည်။

 

"လက်ရှိအခြေအနေမှာတင်ပို့ဖို့အတွက် တင်ပို့မယ့်ပုံစံ၊ တင်ပို့ရမယ့်နေရာ၊ ဈေးနှုန်း၊ ငွေပေးချေမှုပုံစံတွေကို ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှုရမယ်ဆိုရင် နှစ်ဖက်စာချုပ်ချုပ်ဆိုကာ စတင် တင်ပို့တော့မယ်"ဟုမွန်ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးအောင်နေလင်းက ပြောသည်။

 

အိန္ဒိယနိုင်ငံက ကွမ်းသီးလိုအပ်ချက်များပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် ဝယ်ယူနေတာဖြစ်သဖြင့် မြန်မာ့ကွမ်းသီးများတိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကွမ်းသီးကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၉၄၁၂.၄၇၂ တန် ထွက်ရှိခဲ့ကြောင်း သိရသည်။

 

#Local_News #မြန်မာ့ကွမ်းသီးခြောက် #တန်ချိန် ရာနှင့်ချီလစဉ်တင်ပို့ #YMG/LW #Yangon_Times