#Local_News
Published 18 February 2024


ထိုင်းနိုင်ငံဘန်ကောက်မြို့ ထေ့ယမ်းထလေ ဂတ်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်ရင်း မတော်တဆကြောင့် လက်ထိခိုက် မိသော မြန်မာအလုပ်သမားတစ်ဦး နစ်နာကြေးဂဘတ်၆သောင်းကျော်ရရှိကြောင်း ကူညီပေးသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲထံကသိရသည်။

 

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ကိုအေးညွန့်မောင်သည်အလုပ်ချိန်အတွင်း မတော်တဆထိခိုက်မိသဖြင့် လက်ခလယ်တစ်ဆစ် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုအတွက် နစ်နာကြေးရရှိရန် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကကူညီဆောင်ရွက်ပေးခဲ့ရာ သုံးလခန့် ကြာပြီးနောက် ဖေဖေါ်ဝါရီ ၁၅ ရက် က နစ်နာကြေးထိုင်း ဘတ်ငွေ ၆၄၂၄၆  ဘတ်ရရှိခဲ့ ခြင်းဖြစ်သည်။

 

#Local_News #မြန်မာအလုပ်သမားနစ်နာကြေးရ #YMG/LW #Yangon_Times