#Local_News
Published 18 February 2024


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ အသုံးပြုခွင့်ကို မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရသိရသည်။

 

ဗဟိုဘဏ်မှ  ပို့ကုန်ရငွေနှင့် ပတ်သက်ပြီး ပြန်လည်တင်းကြပ်မှုအဖြစ် ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့်  ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရှိတော့မှာဖြစ်ကြောင်း ’ ဆိုသည့် သတင်းများ  ထွက်ပေါ်လာသည့် အတွက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

 

ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ အရ ပို့ကုန်လုပ်ငန်းရှင်တွေအနေဖြင့် ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရည်ညွှန်ဈေးဖြင့် လဲလှယ်ရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုတော့ နေ့စဉ်အွန်လိုင်းဈေးနှုန်းနဲ့ လဲလှယ်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။

 

အဆိုပါ သတ်မှတ်ချက်အတိုင်း လက်ရှိမှာ ပြောင်းလဲခြင်းမရှိ ဘဲ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် တွင်ဖေါ်ပြထားသည်။

 

#Local_News #ပို့ကုန်ရငွေ အသုံးပြုခွင့် #ဆက်လက်ခွင့်ပြုပေးနေဟုစီးပွား/ကူးသန်းထုတ်ပြန်
#YMG/LW #Yangon_Times