#Local_News
Published_ 17 February 2024

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)နာယကကြီးဖြစ်သော ရုပ်သေး၊ ရုပ်စုံပညာရှင်ကြီး ဦးစိန်ထွန်းကြည်ဖေဖော်ဝါရီလ(၁၆)ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သိရသည်။

 

ဆရာကြီးသည်ကွယ်လွန်ချိန်တွင်  အသက် (၈၆) နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ၏ ရုပ်သေးပညာရှင်ကြီး ဦးစိန်ထွန်းကြည်ဘဝတပါးသို့ ပြောင်းသွားကွယ်လွန်ကြောင်း ကြားသိရပါ၍ အစားထိုးမရသည့် ဆုံးရှုံးမှုအဖြစ်အထူးဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ထုတ်ပြန်ထားသည်။

 

"ရုပ်သေးဆရာကြီး ဦးစိန်ထွန်းကြည်ကွယ်လွန် သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဆရာကြီးဟာမြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ရဲ့နာယက တစ်ဦးဖြစ်သလို ဆရာကြီးက  ဆိုကရေးတီးပြိုင်ပွဲကြီးမှာ အကဲဖြတ်အဖြစ်ဆောင်ရွက်ပေးခဲ့တယ်။

 

နေပြည်တော်မှာ ဆိုကရေးတီးအတွက်ဆောင်ရွက်ပေးစဉ်က ဆရာကြီးအတွက် အစည်းအရုံးကရော နိုင်ငံတော်ကပါ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်။ သူနာမကျန်းဖြစ်ချိန်မှာရော ကွယ်လွန်ချိန်မှာပါ အစည်းအရုံးက ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ ဆရာကြီးဟာ မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)ရဲ့နာယက တစ်ဦးဖြစ်လို့ အစည်းအရုံးအနေနဲ့ သူ့အတွက်နောက်ဆုံး အခမ်းအနားလေးဆောင်ရွက်ပြီး စောင့်ရှောက်ပေးသွားမှာဖြစ်တယ်"ဟု YMG ကို ပြောသည်။

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)နာယကကြီး ရုပ်စုံပညာရှင်ဦးစိန်ထွန်းကြည်၏ နာရေးအတွက် အလှူငွေ (၅၀၀,၀၀၀)ကျပ်တိတိကို ကျန်ရစ်သူမိသားစုထံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#Local_News #မြန်မာ့ရုပ်သေး #ဦးစိန်ထွန်းကြည်ကွယ်လွန် #tthl #Yangon_Times