#Local_News
Published 16 February 2024


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ကံကြီးကုန်းရပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၁၀ နာရီ ၁၄ မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း  မီးသတ်ဦးစီးဌာနထံက သိရသည်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ level (1)ယာဉ်အုပ်စု  ထွက်ခွာလျက်ရှိရာ နံနက် ၁၀ နာရီ ၃၃ မိနစ် အချိန် ခန့်က မီးထိန်းခဲ့ပြီး၁၀ နာရီ ၃၆ မိနစ် အချိန် ခန့်က မီး​ငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုး များကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #မီးလောင်မှုဖြစ်ပွား  #YMG/LW #Yangon_Times