#Local_News
Published_ 13 February 2024

ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၁၄၀သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် အပတ်တုန်းက(၅၂၇၅)ကျပ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး  ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၁၄၀သတ်မှတ်လိုက်ခြင်းဖြစ်၍ ဈေးနှုနှုန်းရာဂဏာန်းထပ်ကျခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၈ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

 

#Local_News #စားအုန်းဆီရည်ညွှန်းဈေး #အရင်အပတ်ထက်ရာဂဏာန်းထပ်ကျ #tthl #Yangon_Times