Published_ 12 February 2024

ရေအောက်ကေဘယ်ဆက်ကြောင်း သွယ်တန်းရန်တိုင်းတာနေ၍  သတ်မှတ်ဧရိယာအတွင်း သင်္ဘောစက်လှေ၊ ငါးဖမ်းလှေစသည့် ရေယာဉ်များမဖြတ်သန်းရန်နှင့်ငါးမဖမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်လိုက်သည်။

Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာရေအောက်ဖိုင်ဘာ ကေဘယ်ဆက်ကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွယ်တန်းနိုင်ရန်အတွက် ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို တိုင်းတာရေးသင်္ဘော R.V.EGS SURVEYOR ဖြင့် မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း(၁၂-၂-၂၀၂၄)ရက်နေ့မှ(၁၉-၄-၂၀၂၄) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။

သို့ဖြစ်ပါ၍ ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း ဆောင်ရွက်မည့်လမ်းကြောင်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာဧရိယာများအတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group