Published 11 February 2024

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ဇေယျာသီရိ (၄)ရပ်ကွက်ရှိ လူမှုကူညီရေးရုံးနှင်​ြမော်တော်ယာဉ်အချို့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ က သိရသည်။

  ဖေဖေါ်ဝါရီ ၁၁ရက် နံနက်၂နာရီခွဲခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး မြိတ်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာနံနက် ၃ နာရီ၃၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

  အဆိုပါ မီးလောင်မှု မှာမြိတ်မြို့ ရှိ ဂရုဏနာရေးကူညီ မှုအသင်းရုံး ဖြစ်ပြီး အသင်းမှ မော်တော်ယာဉ် အချို့လဲ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

  မီးလောင်မှု ဖြစ်စဉ်နှင့်ဆုံးရှုံးမှု တန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times