Published_ 10 February 2024

ပျံလွန်‌တော်မူသွားပြီဖြစ်သည့်နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ကြီး၏ရုပ်ကလာပ်‌တော်ကိုမိုင်းဖုန်းဆရာတော်ကြီးနှင့် ထိုင်းနိုင်ငံမှ အရာရှိကြီးများ ယနေ့ ဖေ‌ဖော်ဝါရီလ(၁၀)ရက်တွင် လာရောက်ဖူးမြော်ကြကြောင်း သိရသည် ။

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် ၊နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဓမ္မသီရိဟာ ဖေဖော်ဝါရီလ (၈)ရက်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီး၏ ဘုန်းတန်ခိုးသည် မြန်မာနိုင်ငံအတွင်းသာမက ထိုင်းနိုင်ငံ၌လည်းကျော်ကြားသဖြင့် ဆရာတော်ကြီးပျံလွန်တော်မူချိန်တွင် ထိုင်းနိုင်ငံမှာ အာဏာပိုင် အရာရှိ၊အရာခံကြီးများကိုယ်တိုင် လာရောက်ဖူးမြော်ကြခြင်း ဖြစ်သည်။

ဆရာ‌တော်ကြီးဘဒ္ဒန္တဓမ္မသီရိသည် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ သာသနာ့အာဇာနည်ဆရာတော်ကြီး တစ်ပါးလည်းဖြစ်၍  ဆရာတော်ကြီး၏အန္တိမဈာပနကို အခမ်းအနားဆုံးဆောင်ရွက်ပေးရန်လည်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှလည်း လမ်းညွှန်မှာကြားထားသည်။

ဆရာတော် ဘုရားကြီးသည် ပျံလွန်တော်မူချိန်တွင်  သက်တော်(၉၇)နှစ် ဝါတော်(၇၇)ဝါရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ဆေးကုမှုခံယူခဲ့ပြီးနောက် နဂါးနှစ်ကောင်ကျောင်းတိုက်အတွင်း၌ဆက်လက် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group