Published 10 February 2024

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်တွင်း၊ ပြည်ပ ခရီးသွား ၈၀၀၀ကျော်အား  ခရီးသွား စစ်တမ်းကောက်ယူထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

အဆိုပါ  ပြည်တွင်းပြည်ပခရီးသွားစစ်တမ်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စသည့်  မြို့နယ်များအပါအဝင် မြို့ပေါင်း ၁၉ မြို့အတွင်း၌ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ကောက်ယူရာတွင် ခရီးသွားများ စိတ်ဝင်တစားလည်ပတ်စရာနေရာများနှင့်  နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များ၊ လေဆိပ်များ၊ ရထားဘူတာရုံများမှ ပြည်တွင်း၊ပြည်ပ ခရီးသွားစစ်တမ်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်ကနေစတင်၍   ပြည်တွင်း ခရီးသွား ၇,၀၀၀ ကျော်နှင့်  ပြည်ပခရီးသွား ၁,၃၀၀ ကျော်ကို ကောက်ခံနိုင်ခဲ့ပြီးယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

  ထို့အပြင် ရရှိလာသည့်  ကိန်းဂဏန်းအချက်အလက်များနှင့်  သုတေသနတွေ့ရှိချက်များကို အခြေခံပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group