Published 9 February 2024

မော် လမြိုင်မြို့၌ ရေတွင်းထဲပြုတ်ကျသည့် စိတ်ကျန်မာရေးမကောင်းသူအား ယနေ့မနက်ပိုင်းတွင် ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

' ဒီနေ့နံနက်၅နာရီအချိန်မှာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေး နေအိမ်က ရေတွင်းထဲ ခန့်မှန်ချိန် နံနက်၄နာရီအချိန် လောက်က ပြုတ်ကျသူ အမျိုးသမီး၁ဦး(စိတ်ကျန်မာရေးမကောင်းသူ)အား ရေတွင်းထဲမှ  အသက်ရှင်ရက် အောင်မြင်စွာ ကူညီ ကယ်ဆယ်နိင်ခဲ့ပါတယ် ' ဟု ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ က ပြောကြား သည်။

ဖြစ်စဥ်မှာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမကြီးဘေး နေအိမ်ရှိရေတွင်းထဲကို ခန့်မှန်းချိန် နံနက် ၄ နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ရာ မနက် ၆ နာရီ ဝန်းကျင်မှာ ရေတွင်းထဲမှ   အသက်ရှင်လျက် အောင်မြင်စွာ ကူညီ ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရေတွင်းသည် အနက် ပေ ၈၀ ကျော်ခန့်ရှိပြီး  ပြုတ်ကျသည့်  အမျိုးသမီးသည်  ရေတွင်းအတွင်းပိုင်းရှိ  အုတ်စွန်းအထစ်တစ်ခုကို ဖက်တွယ်ထားနိုင်ခဲ့သောကြောင့် အောက်အထိ ပြုတ်ကျနစ်မြုပ်ခဲ့ခြင်းမရှိကြောင်း သိရသည် အဆိုပါ အမျိုးသမီးကို မော်လမြိုင်မြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ  ရေတွင်းထဲသို့  တွဲဆိုင်းကြိုး၊ လှေကားများဖြင့် ဆင်းကာ ကူညီကယ်ဆယ်ခဲ့ပြီး ဘိုဘိုဝင်း လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်ဖြင့် မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 9 February 2024
#YMG #Yangon_Media_Group #Yangon_Times