Published_ 9 February 2024

အင်တာနက်အွန်လိုင်းပေါ်တွင်တင်သည့် သတင်းမှားများ၊မဖွယ်မရာပုံများနှင့် လောင်းကစားကြေညာများ တည်ဆဲဥ‌ပဒေအရ အရေးယူခံရနိုင် ကြောင်း သတိပေးကြေညာချက်ကို ဖေဖော်ဝါ ရီလ(၉)ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် သတိပေးထားသည်။

‌အဆိုပါကြေညာချက်တွင် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်း မှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်း ပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေး ငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း၊

အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများ အရ အရေးယူခံရနိုင်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group