Published_ 9 February 2024

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာရှေ့တွင် ကားနှစ်စီးတို-က်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ကားခေါင်းခန်းထဲ ည-ပ်နေသဖြင့် ကယ်ထုတ်ခဲ့ရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၈)ရက်၊ ညနေ (၅)နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်ရှေ့တွင် ကားနှစ်စီး တို-က်မိမှုဖြစ်ပွားရာ ကားခေါင်းခန်းထဲ ည-ပ်နေသည့် အမျိုးသား တစ်ဦးကိုာင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ  ကူညီထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူနာ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦးတို့အား ပုလဲအရန်မီးသတ် လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာ၊ မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group