Published 9 February 2024

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ ၂၂ လမ်းနှင့်၂၃လမ်းကြားရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံကသိရသည်။

  ဖေဖော်ဝါရီလ၉ရက်မနက်၁နာရီ၄၀မိနစ်က မီးလောင်မှုဖြစ် ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှု သတင်းရရှိသဖြင့် level 2 ယာဉ်အုပ်စုများထွက်ခွာရာ နံနက် ၃နာရီ ၄၁မိနစ် တွင် မီးထိန်း နိုင်ခဲ့ပြီး ၄နာရီ ၂၁မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 မီးလောင်မှုဖြစ်ရာကို သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုရေးအ သင်းများ ပူးပေါင်းပြီး မီးငြှိမ်းသတ်ယာဥ်များနှင့်ရေသယ်ယာဥ်များတို့နဲ့ ၂နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်းသိရသည်။

  မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Yangon_Media_Group
#YMG_News #Yangon_Times