#Local_News
Published 7 February 2024


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဥယျာဉ်လမ်းတွင်မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့တစ်ဦးနှင့်ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။

 

ဖေ​ဖေါ်ဝါရီ လ ၆ရက် ည ၁၁နာရီ ၅၂မိနစ်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး ထွက်ခွာခဲ့ပြီး ၁၁ နာရီ ၅၈မိနစ်  အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ရာ ဖေဖေါ်ဝါရီ ၇ရက် ၀၀:၁၀အချိန် တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၀:၁၅ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အိမ်ထောင်စု ၈စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် အခြေစိုက်အဖြူရောင် မေတ္တာလူမူကယ်ဆယ်ရေးအသင်းမှ သိရသည်။

 

#Local_News #မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့်ပြည်သူတစ်ဦး #ထိခိုက်ဒဏ်ရာရရှိ #YMG/LW #Yangon_Times