Published 6 February 2024

လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)တို့တွင် နေရာကွက် ကျားမိုးထစ်ချုန်းရွာခဲ့ပြီး မှတ်သားဖွယ်ရာမိုးရေ ချိန်များမှာ မချမ်းဘောမြို့တွင်(၀.၁၂) လက်မနှင့် မူဆယ်မြို့တွင် (၀.၀၄)လက်မတို့ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ဖေဖော်ဝါရီ(၇)ရက်မနက်တွင်ကချင်ပြည်နယ်၌  နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟုဆိုသည်။

နောက်(၂)ရက်‌ ဖေဖော်ဝါရီလ(၇)ရက်နဲ့(၈)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်သည်။

ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)နှင့် ပြင်ဦးလွင်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီ၊ ကျောက်မဲမြို့၊ လွိုင်လင်မြို့နှင့် ဟားခါးမြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီနှင့် ပင်လောင်းမြို့တွင် (၆)ဒီဂရီ စင်တီဂရိတ်တို့ ရှိခဲ့ကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group