Published-6 February 2024

၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို ယခုလ ဒုတိယအပတ်၌ စတင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှသိရသည်။

အဆိုပါ ကဲ့သို့ ဖြေဆိုရာတွင် အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း (Grade-5) စာမေးပွဲကို ဖေဖေါ်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း 
သိရသည်။

ထို့အပြင် အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို ဖေဖော်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၈)ရက် အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ကျန် အတန်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖေါ်ဝါရီ (၁၃) ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်းလည်း  သိရသည်။

ထို့အတူ အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို လာမည့် မတ်လတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။
Yangon-Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group