Publoshed 6 February 2024

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အနောက်လယ်ရပ်ကွက်၊ အမှတ်(၂)ဘောတံတားအနီးစက်လှေ မီးလောင်မှု ဖြစ်ပွားရာ အချိန် တစ်နာရီကျော် ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။

  ဖေဖေါ်ဝါရီ ၆ရက်  မနက် ၁၁နာရီ ၃၂မိနစ် စက်လှေ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ငြိမ်းသတ်ရာ တွင် မွန်းတည့် ၁၂နာရီ ၁၂မိနစ် အချိန် တွင် မီးထိန်း နိုင်ခဲ့ပြီး ၁နာရီ အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

  လက်ရှိ တွင် စက်လှေ မီး​လောင်သည့် အကြောင်းရာ နှင့် ပျက်စီးဆုံးရူံးမှု တန်ဖိုး ကိုစက်ဆိုင်ရာက စိစစ်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group