Published 6 February 2024
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်ကစပြီး ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် ဆီဆိုင် မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ လေးသောင်းကျော် ထိရှိလာတယ်လို့ စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံက သိရသည်။

အဆိုပါ ဆီဆိုင်မြို့နယ်အတွင်းမှ စစ်ဘေး‌ရှောင်ရသူများတွင်   ကယား(ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာသည့်  ဒေသခံပြည်သူများ ပါဝင်ပြီး ယင်းပြည်သူများက  ထပ်ဆင့်တိမ်းရှောင်ရခြင်းဖြစ်ကာ ဒေသခံပြည်သူများ အပါဝင် စစ်ဘေးရှောင် စုစုပေါင်း ၄,၃၇၃၀ အထက်ရှိကြောင်း သိရသည်။

""အရင် ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်လို့ ဆီဆိုင်မှာလာပြီး စစ်ဘေးရှောင်နေကျတာသောင်းနဲ့ချီရှိတယ် အခု ဆီဆိုင် မှာလည်း တိုက်ပွဲတွေဖြစ်တော့ ထပ်ဆင့်ရှောင်ရသလို ဖြစ်တာပေါ့ ဒေသခံတွေလည်းရှောင်ရတယ် အဲ့တော့ စစ်ဘေးရှောင်ပြည်သူ ပိုများသွားတာ""ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး ညောင်ရွှေ နှင့် ဟိုပုံး တို့တွင် သွားရောက်နေထိုင်လျက်ရှိကာ နေရာထိုင်ခင်း အခက်ခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်သူများထဲတွင် အမျိုးသမီးများ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်များလည်း ပါရှိတာကြောင့် နေထိုင် စားနပ်ရိက္ခာအပြင် ဆေးဝါးနှင့်စောင်များလည်း လိုအပ်နေကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group