#Local_News
Published_ 5 February 2024

ရန်ကုန်တိုင်းတွင် ချင်းချောင်းနန်းတော်၊ ရန်ကုန်တက္ကသိုလ်၊ ပီလခတ်ဟိန္ဒူကျောင်း၊‌ ပေါ်တူဂီဘုရားကျောင်းအပါအဝင် ခရီးစဉ်သစ်နေရာ(၉)ခုဖော်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

မူလက ခရီးစဉ်နေရာဟောင်း (၂၈)နေရာရှိရာမှ ခရီးစဉ်သစ်နေရာ(၉)ခုထပ်တိုးပြီး ခရီးစဉ်လည်ပတ်ရန်နေရာ (၃၇) နေရာရှိလာမည်ဖြစ်သည် ဟုဆိုသည်။

 

ရန်ကုန်တိုင်းအတွင်း ခရီးစဉ်နေရာသစ်(၉)ခုက ချင်းချောင်းနန်းတော်၊ ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း(သို့) ငဇင်ကာအုတ်ဂူ၊ရန်ကုန်တက္ကသိုလ်၊ အာဇာနည်ဗိမာန်၊ ဦးဥတ္တမပန်းခြံ(သို့)ကန်တော်မင်္ဂလာပန်းခြံ၊ သျှာရီကာလီမယ်တော်ကျောင်း၊ ကဗျာဆရာ မဂိုအင်ပါယာဧကရာဇ်မင်း ဘာဟာဒူးရှားဇဖာရ်ရှားဂူဗိမာန် ၊ ပီလခတ်ဟိန္ဒူကျောင်း၊ ကျိုက်ပြဿဒ်တနော်ကောင်းမှုစေတီတော်တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်နေရာများအား ပြည်တွင်း၊ ပြည်ပခရီးသွားများ လည်ပတ်နိုင်ရန် ဖော်ဆောင်ထား ကြောင်းနှင့် ယခင် ခရီးစဉ်နေရာဟောင်း (၂၈)နေရာကိုလည်း လည်ပတ်နိုင်ကြောင်း သိရသည်။

 

#tthl #Yangon_Times