#Local_News
Published_ 5 February 2024

မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ ပြိုင်ပွဲကို ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ဝက်မွေးမြူရေးခြံရှေ့ ကွင်းပြင်၌ ဖေဖော်ဝါရီလ(၂)ရက်မှ(၄)ရက်အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။

 

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှကြီးမှူးကျင်းပခြင်းဖြစ်သည်။

 

ပြိုင်ပွဲတွင် မြို့နယ်(၁၅) မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား (၇)မျိုးပါဝင်ကာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများအပြင် နှစ်သိမ့်ဆုများကိုပါ ပေးအပ်မည်ဖြစ်သည်။

 

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး "အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန် သော မျိုးကောင်းမျိုးသန့်များဖြစ်သည့် ဒေသနွား၊ နို့စားနွားနှင့်ဆိတ်မျိုးများအား မွေးမြူရေးသမားများ အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေခြင်းကြောင့် မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်ပြီး စနစ်တကျ မွေးမြူထားမှု၏ အကျိုးကျေးဇူးကို ခံစားရရှိစေနိုင်ကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှ အသား၊ ဥနှင့်နို့များ ရရှိနိုင်ရေးအတွက် အဓိကရည်ရွယ်၍ မြန်မာနွားသိုးမျိုးအလှ၊ နို့စားနွား၊ သိုးနှင့်ဆိတ်မျိုးအလှပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော တိရစ္ဆာန်များကို မွေးမြူကြစေလိုကြောင်း၊ မွေးမြူရေး တတ်ကျွမ်းနားလည်သည့် ပညာရှင်များ၏ လမ်းညွှန်မှုနှင့် ရောဂါကင်းပြီး ထုတ်လုပ်မှုကောင်းအောင် ကြိုးစားလုပ်ဆောင်စေလိုကြောင်း၊ ပြည်တွင်းမှာ ထုတ်လုပ်မှု အားကောင်းရင် မိမိတို့ ပြည်သူ ပြည်သားတွေအတွက် စိတ်ချရသော သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် အသား၊ နို့နှင့် ဥ တို့ကို ဈေးနှုန်း ချိုသာစွာဖြင့် ပေါပေါများများ ဝယ်ယူရရှိစေမှာ ဖြစ်ကြောင်းနှင့် မွေးမြူသူများလည်း ဝင်ငွေ ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့‌ကြောင်း သိရသည်။

 

#tthl #Yangon_Times