#Local_News
Published 3  February 2024


စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာအတွင် ယနေ့ နံနက်ပိုင်းက အင်အား၄ဒသမ ၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန  သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၇)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင်လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုင်းတာချက်အရ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၂) ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် (၉၄.၅၆) ဒီဂရီ၊ အနက် (၆၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

#Local_News #စစ်ကိုင်းတိုင်းဖောင်းပြင်မြို့ # အင်အား၄ဒသမ၂ အဆင့် #မြေငလျင်တစ်ခုလှုပ်ခတ် #YMG/LW #Yangon_Times