#Local_News
Published-2 February 2024

 

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့်  ဆေးရွက်ကြီးများကို ထိုင်းနိုင်ငံက ဆေးဝါးနှင့်  ဓာတ်မြေဩဇာထုတ်လုပ်သည့်  နေရာများတွင်  သုံးစွဲလေ့ရှိကြောင်း ဆေးရွက်ကြီး စိုက်ပျိုးသူများထံမှ သိရသည်။

 

ဆေးရွက်ကြီးသည်  အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ဓါတ်မတည့်ခြင်းများ ကို ပျောက်ကင်းစေသည့်  အာနိသင်ရှိသောကြောင့် ဆေးဝါးနှင့်ဓာတ်မြေဩဇာ များထုတ်လုပ်ရာတွင်အသုံးပြုလေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။

 

'ပြည်တွင်းမှာတော့ ဆေးလိပ်လိပ်တဲ့အခါအသုံးပြုကြတယ်၊ကွမ်းယာထဲမှာလည်းထည့်စားကြတယ် ၊ထိုင်းကမြန်မာ့ဆေးရွက်ကြီးကို‌ဆေးဝါးနဲ့ဓာတ်‌မြေဩဇာလုပ်တဲ့နေရာမှာသုံးကြတယ်၊ အရည်အသွေး‌ကြိုက်တော့ဈေးကောင်းပေးဝယ်ကြပါတယ် ' ဟု  ဆေးရွက်ကြီးစိုက်ပျိူးသူတစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံအထက်ပိုင်းရှိ  ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဘေးရှိမြစ်ရေဝင်သော ကိုင်းကျွန်းမြေနုများတွင် အများဆုံးစိုက်ပျိုး‌လေ့ရှိကာ ပြည်တွင်း၌  ဗာဂျီးနီးယား နှင့် မြန်မာ့ဆေးရွက်ကြီးဟူ၍ အမျိုးအစားနှစ်မျိုးစိုက်ပျိုးလေ့ရှိပြီး မြန်မာဆေးရွက်ကြီးကိုမူအဓိကစိုက်ပျိုးလေ့ရှိကြောင်း၊  ယခုနှစ်တွင် တစ်ကီလိုလျှင် ဘတ်၂၅၀အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

 

#Local_News #မြန်မာ့ဆေးရွက်ကြီး #ဆေးဝါးနှင့်ဓာတ်မြေဩဇာများထုတ်လုပ် #YMG/ NN #Yangon_Times