#Local_News
Published-30 January 2024

လာမည့်ဖေဖော်ဝါရီ ၁ ရက်နေ့၌ လိပ်ပြာပုံ စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

 

မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Golden Birdwing” လိပ်ပြာပုံ (၂၀၀) ကျပ်တန်စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးကိုရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ “Golden Birdwing”လိပ်ပြာပုံ (၂၀၀) ကျပ်တန်စာပို့ တံဆိပ်ခေါင်းသစ်ကို ဖေဖော်ဝါရီ ၁ ရက် မနက်(၉) နာရီခွဲအချိန်က စတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိစာတိုက်ကြီးများ၌ တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

 

ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

 

လက်ရှိတွင် တံဆိပ်ခေါင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်များရှိ ဝယ်ယူနိုင်ရန်ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း သိရသည်။

 

#Local_News #လိပ်ပြာပုံစာပို့တံဆိပ် #ရောင်းချပေးမည် #YMG/ NN #Yangon_Times