Published 28 January 2024

   ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အရှေ့ပိုင်း စက်မှုဇုန် ၄ တွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

  ဇန်နဝါရီ ၂၈ရက် မနက် ၁၁နာရီ ၄၀ မိနစ်ခန့်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၄)၊ ပင်စည်မင်းသားကြီးလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

  အဆိုပါ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၁နာရီ ၄၈မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

     မီးလောင်မှု အကြောင်းရာနှင့်ဆုံးရှုံးမှု တန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group