Published 27 January 2024
 
မလေးရှားနိုင်ငံ၏ ခရီးသွားဒေသတစ်ခုဖြစ်သော Cameron Highlands တွင်  မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး မြေကြီးပိမိကာ ၁ ဦး​ေ-သဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မလေး သတင်းဌာနများတွင် ဖော်ပြထားသည်။ 

 Cameron Highlands ဒေသ တွင် ဇန်နဝါရီ လ ၂၆ရက်  နံနက် ၂ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ နေထိုင်သည့်အိမ်အပေါ် ပြိုကျလာခြင်းဖြစ်ကြောင်းသိရသည်။

မြေပြိုမှုဖြစ်ပွားနေကြောင်း  နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ကယ်ဆယ်ရေးအဖွဲ့များ သတင်းရရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။ 

  သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ကျန်ရှိသော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ မြေကြီးအောက်တွင် ဖုံး၍ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။  

 (ဇန်နဝါရီ ၂၆ နေ့လယ်ပိုင်း)အထိ ပျောက်ဆုံးနေသော မြန်မာနိုင်ငံသားများကို ရှာဖွေကယ်ဆယ်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ 

  လွန်ခဲ့သောရက်များကတည်း မှ  Cameron Highlands ဒေသတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
Yangon Times/LW
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group