Published_ 27 January 2024

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားဖိတ်စာကို မနက်ဖြန်ဇန်နဝါရီလ( ၂၈) ရက် ညနေ(၄)နာရီနောက်ဆုံးထားကာ လာရောက်ထုတ်ယူကြရန် အသိပေးချက်ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။

သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိရင် ဖိတ်ကြားခံရသူအမည်စာရင်းကနေ ပယ်ဖျက်သွားမည်ဖြစ်သည်ဟုဆိုသည်။

အကြောင်းအမျိုးမျိးကြောင့် ဖိတ်ကြားခံရသူကိုယ်တိုင် လာရောက်မထုတ်ယူနိုင်ပါက ကိုယ်စားလာရောက် ထုတ်ယူမယ့်သူကို ကိုယ်စားလှယ်လွှဲစာ၊ လာရောက်ထုတ်ယူသူရဲ့မှတ်ပုံတင်မိတ္တူ၊ ဖိတ်ကြားခံရသူရဲ့ မှတ်ပုံတင် မူရင်း(ဒါမှမဟုတ်) အစည်းအရုံးဝင်ကတ်မိတ္တူတို့ကို တင်ပြပြီး ထုတ်ယူနိုင်ကြောင်းသိရသည်။

အကယ်ဒမီပေးပွဲဖိတ်ကြားခံရသူနှင့် ဖိတ်စာကို တိုက်ဆိုင်စစ်ဆေးပြီး နေပြည်တော်တွင် လုံခြုံရေး ရင်ထိုးတံဆိပ်များ၊လက်ကိုင်ဖုန်းယူခွင့်စတစ်ကာများနှင့် ယာဉ်ဝင်ခွင့်များထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဖိတ်ကြားခံရသူနှင့် တက်ရောက်မည့်သူ၏အချက် အလက်များကွာခြားနေပါက  လုံခြုံရေး ရင်ထိုးတံဆိပ်များ၊လက်ကိုင်ဖုန်းယူခွင့်စတစ်ကာများကို လုံခြုံရေးအဖွဲ့ဝင်များက လုံးဝထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group