Published 27 January 2024

ပြည်ပနိုင်ငံပေါင်း ၉၄ နိုင်ငံတွင် မြန်မာနိုင်ငံမှ လုပ်သား ၁၇ သိန်းကျော် သွားရောက်လုပ်ကိုင်နေကြာင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ လုပ်ကိုင်ရာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း ၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့် လည်းကောင်းစေလွှတ်ပေးထားကြောင်းသိရသည်။

ယင်းသို့စေလွတ်ရာတွင် ထိုင်းနိုင်ငံသို့ ၁,၁၃၂,၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၅,၂၅၅ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀,၇၇၇ ဦး၊ကိုရီးယားနိုင်ငံသို့ ၆၆,၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆,၄၇၂၀ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု စေလွှတ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ တဆင့်ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွတ်မှုတွင် ထိုင်းနိုင်ငံသို့ အများဆုံးစေလွတ်ထားပြီး မလေးရှားနိုင်ငံသို့ဒုတိယအများဆုံးစေလွတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာနသည် လတ်တလောတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ လစာ ဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမှုများ ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group