Published_ 27 January 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ep နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ဇန်နဝါရီ ၂၂ ရက် တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း၊ နားကော်(၃)ရွာအနီး မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

TOYOTA HILUX REVO မော်တော်ယာဉ် ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ ၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အိုက်စ် (မက်သ် အဖက်တမင်း) ၁,၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည် အတောင့် ၃၀၊ M 22 သေနတ် ၁လက်၊ ၎င်းကျည် အတောင့် ၃၀ တို့ကိုသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် သယ်ဆောင်လာသည့် အားစော နှင့် အားကော် ဆိုသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကား၍ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Yangon_Times/PP
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group