Published_27 Jan 2024

ဒစ်ဂျစ်တယ်နည်းပညာများကို အန္တရာယ် ကင်းစွာစနစ်တကျ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူတစ်ဦးချင်းတွင် လုံလောက်သည့် အသိပညာဗဟုသုတရှိရန်လိုအပ်ကြောင်းယနေ့ ဇန်နဝါရီလ ၂၆ ရက်က ပြုလုပ်သည့် မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်း အနား တွင်နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပ ပယ်ကဏ္ဍ အသီးသီးတွင် ဒစ်ဂျစ်တယ်နည်း ပညာကို အသုံးချပြီး အခွင့်အလမ်းများရယူလျက်ရှိရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်မျက်နှာစာ အသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်အောင် အသုံးချနိုင်သည့် နိုင်ငံများတိုးတက် အောင်မြင်နေ ကြကြောင်း၊နိုင်ငံတော်အနေဖြင့် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး ရန် “e-Government ဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းထားပြီး ဦးဆောင်ကော်မတီကချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်း ကော်မတီ” ၊ “e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ” တို့ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ယင်းကပြောသည်။

နိုင်ငံတော်အတွက် အခြေခံကျပြီး အရေးကြီးဆုံးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် နိုင်ငံအတွင်း နေထိုင်သူတစ်ဦး ချင်းစီကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး Unique ID ( UID ) တစ်ခုစီနှင့် မှတ်ပုံတင်ထားရှိရေး e-ID စနစ်ကို ကူးပြောင်းနိုင်ရေးအတွက်National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင်လည်း Computer- Assisted Personal Interviewing(CAPI)စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း။ နိုင်ငံတော်အနေဖြင့်လည်း တီထွင်ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍများ တွင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ဖွံ့ဖြိုး တိုးတက်စေပြီး ပြည်သူတို့၏လူမှုစီးပွားဘဝကို တိုးတက်အောင် ဆောင်ရွက်ရန် ဆိုသည့် မျှော်မှန်းချက်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee DEDC)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံအတွင်း ကျေးလက်ဒေသများပါမကျန် နေရာ ဒေသမရွေး အသုံးပြုနိုင်ရန် အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက်ထားရှိပြီးဖြစ်ရာဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကျက်လာနိုင် သည်နှင့်အမျှ တိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများနှင့်အတူ Facebook | Youtube। Telegram စသည်တို့ များပြားလာသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ ဆိုရှယ်မီ ဒီယာများကို အသုံးပြုကြသည့် နေရာတွင် စနစ်တကျအကျိုးရှိရှိ အသုံးချနိုင်ရန်အရေးကြီးပြီးမိမိအသုံးပြုမှုသည် အခြားသူကိုထိခိုက်နစ်နာမှုများမဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံတော်၏ အမျိုးသားစရိုက်လက္ခဏာ၊ နိုင်ငံတော် လုံခြုံရေးနှင့် နိုင်ငံတော်၏အကျိုး စီးပွားကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင် ရွက်ကြရမည်ဖြစ် ကြောင်း နှင့် သတင်း အချက်အလက်များ သိုမှီးရာနေရာဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာမရေရာမှု များနှင့် ပြည့်နှက်နေသည့် သတင်းအချက်အလက်များ စွန့်ပစ်ရာနေရာဖြစ်နေကြောင်းလည်း ၎င်းက ထောက်ပြပြော ဆိုခဲ့သည်။

ယင်းကြောင့်မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေ ဖြင့် ပြည်သူများ၏ သတင်းနည်းပညာ လုံခြုံစိတ်ချရမှုကို မျက်ခြေမပြတ် စောင့်ကြည့် ပြီး ထိန်းသိမ်းနိုင်ရန်အတွက် အဆင့်ဆင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ မှတစ်ဆင့် အများပြည်သူကို အသိပညာများပေးခြင်းနှင့် လိုအပ်သည့်ဥပဒေများ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များတွင်လည်း သက်ဆိုင်ရာဌာနအဖွဲ့ အစည်း များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန်လည်း နစက ဥက္ကဌက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများသည် ၁၉၉၆ ခုနှစ်ကထုတ်ပြန်ခဲ့သည့် ကွန်ပျူ တာ ပညာဖွံ့ဖြိုးရေး ဥပဒေနှင့် အညီ ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါနှစ်ပေါင်း ၂၅ နှစ် တိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group