Published 26 January 2024

ယခု၂၀၂၄နှစ်နှစ်ဆန်းပိုင်းအတွင်း ဗဟိုဘဏ်မှ ကန်ဒေါ်လာ၆၃သန်းကျော်နှင့်ထိုင်းဘတ် သန်း၃၀၀ရောင်းချပေးထား ကြောင်းယင်းဘဏ်၏ ထုတ်ပြန်ချက်များအရသိရသည်။

ထိုသို့ရောင်းချရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၄ သန်း၊ ဇန်နဝါရီလ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း နှင့် ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ရက်
ဒေါ်လာ ၅သန်း ရောင်းချပေးထားခြင်းဖြစ်သည်။

ထို့အပြင် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ်သန်း ၅၀ ၊ ဇန်နဝါရီ ၂၅ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၂၀၀နှင့် ဇန်နဝါရီ ၂၆ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၅၀ထပ်မံ ရောင်းချပေးထားခဲ့ခြင်း ဖြစ်သည်။

၄အပြင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၄နှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်ကထုတ်ရောင်းပေးထားကြောင်းသိရသည်။

ဗဟိုဘဏ်သည် ငွေကြေးဈေးကွက် အတွင်းဈေးနှုန်းများမြင့်မားနေချိန်၌ ဒေါ်လာနှင့် ဘတ်ငွေများထုတ်ရောင်းပေးလာခြင်းဖြစ်သော်လည်း သွင်းကုန်လုပ်ငန်းများအတွက်များစွာ ထိရောက်မှုမရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်အချို့ကဆိုသည်။

လက်တလောတွင် ငွေကြေးဈေးကွက်အတွင်း ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၀ ကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၃၀ နှင့်တရုတ်ငွေတစ် ယွမ်လျှင် ၄၀၃ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group