Published 24 January 2024

  မလေးရှား တွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ကို စစ်ဆေးဖမ်းစီးရာတွင် အဖမ်းခံရမည်စိုးရိမ်သဖြင့် နှစ်ထပ် အမြင့်မှ ခုန်ချခဲ့သည့် မြန်မာအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မလေးရှားသတင်းဌာန များ မှ သိရသည်။

 ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၃ရက် နေ့   ည ပိုင်း တွင်  စီလန်ကောပြည်နယ် ဆရင်ဘန်းမြို့ တွင်  မလေးရှား အာဏာပိုင်များက တရားမဝင် နိုင်ငံခြားသား အလုပ်သမား များကိုစစ်ဆေး ဖမ်းဆီးခဲ့ ကြောင်း သိရသည်။ 

  အဆိုပါ ဖမ်းဆီးမှုကြောင့် အထောက်အထားမပြည့်စုံသည့် နိုင်ငံခြားသား လုပ်သား ၆၂၈ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ မြန်မာနိုင်ငံသား ၁၀၅ဦးနှင့် ကလေးငယ်၄ဦးအဖမ်းခံခဲ့ရ ကြောင်းသိရသည်။

     ဖမ်းဆီးခံရသူများတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသား ( ၂၁၀ )ဦး၊မြန်မာ အမျိုးသား ( ၇၉ )ဦး နှင့် မြန်မာ အမျိုးသမီး ( ၂၆ )ဦး၊ မြန်မာ ခလေး ( ၄ )ဦး ၊နီပေါ အမျိုးသား ( ၂၀၆ )ဦး၊အင်ဒိုနီးရှား အမျိုးသား ( ၄၂ )ဦး ၊ အင်ဒိုနီးရှား အမျိုးသမီး ( ၁၃‌ )ဦး ၊ အင်ဒိုနီးရှား ခလေး ( ၁ ဦး)၊ ပါကစ္စတန် အမျိုးသား ( ၁၃ )ဦး၊ သီရိလင်္ကာ အမျိုးသား ( ၈ )ဦး၊ အိန္ဒိယ အမျိုးသား ( ၂၆ )ဦး၊ တို့ ဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖမ်းဆီးခံရသူများကို အရေးယူမှုများပြူလုပ်ရန် အတွက် Lenggeng Immigration Depot လူဝင်မှုကြီးကြပ်ရေးဌာန တွင် ထိန်းသိမ်းထားရှိ‌‌ ကြောင်း သိရှိရသည်။
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group