Published 24 January 2024

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့ (၂)လမ်းရှိ ရာဘာမှိုင်းခံ စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။

ဇန်နဝါရီ (၂၄) ရက်၊ နံနက် (၁)နာရီ (၃၈) မိနစ်အချိန်ခန့်က ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာရှိ ရာဘာမှိုင်းခံ စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးတိုင်း/ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၆)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ မီးလောင်ကျွမ်းမှုကို (၁)နာရီနီးပါးခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၂)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။

မီးလောင်သည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများကို  သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group