Published_ 23 January 2024

မော်လမြိုင်မြို့၊‌ဖားအောက်သုဿန်အနောက်ဘက် စိုက်ပျိုးရေးခြံရှိ နှစ်ရှည် ဆီအုန်းပင်များမီးလောင်ကျွမ်းခဲ့ကြောင်း မော်လမြိုင်ရှိလူမှုကူညီရေးအဖွဲ့ဝင်များထံမှသိရသည်။

ဇန်နဝါရီ ၂၃ရက်  နံနက်၁၁:၃၀အချိန်တွင် မော်လမြိုင်မြို့၊‌ဖားအောက်သုဿန်အနောက်ဘက် စိုက်ပျိုးရေးခြံရှိ နှစ်ရှည်ဆီအုန်းပင်များနှင့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကိုမော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များမီးသတ် ရေယာဉ်( ၂)စီး၊ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မီးသတ်ရေယာဉ်(၁)စီး ဖားအောက်စေတနာအသင်းမှ ရေသယ်ယာဉ်(၁)စီး
ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း မှရေသယ်ယာဉ်(၂)စီး၊မော်လမြိုင် အရေးပေါ်လူမှုကယ်ဆယ်ရေး မှရေသယ်ယာဉ်အကြီး(၁)စီး ၊ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲ့များ၊အရန်မီးသတ်တပ်ဖွဲ့များ၊ စိုက်ပျိုးရေးခြံဝန်ထမ်းများဖြင့် ဝိုင်းဝန်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group