Published 23 January 2024

 ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

 ယနေ့ ဇန်နဝါရီလ ၂၃ရက် နေ့လည် ၁၂နာရီခွဲခန့်ကစပြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိချက်အရ မြို့နယ်မီးသတ်စခန်း၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းနှင့်ရွှေလင်ဗန်းသီးသန့်မီးသတ်စခန်းတို့က ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိန်ပင်အမှိုက်ပုံ  မီးလောင်မှုကို နေ့လည် ၁၂နာရီ ၅၈မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မိနစ် ၃၀နီးပါးကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group